Skip to product information
1 of 2
All Products  Back in Stock  Breakfast  Canned Foods  Foody  Monhinga  Monhinga & Noodles  Ready to Cook  အိမ်ချက် 

အိမ်ချက် မုန့်ဟင်းခါးဟင်းရည်အနှစ်

အိမ်ချက် မုန့်ဟင်းခါးဟင်းရည်အနှစ်

Regular price $6.99 AUD
Regular price Sale price $6.99 AUD
Sale Sold out
Shipping Fee automatically calculated at checkout based on your cart total weight.
မုန့်ဟင်းခါးကောင်းကောင်းကြိုက်တတ်တဲ့သူဆိုရင်တော့အိမ်ချက်မုန့်ဟင်းခါးက အသင့်တော်ဆုံးဖြစ်နေမှာပါ။ အိမ်ချက်မုန့်ဟင်းခါးဗူးလေးကိုစားမယ်ဆိုရင်ဗူးလေးကိုဖောက်ပြီးဗူးထဲကအညွှန်းလေးအတိုင်းရေလေးထည့်ပြီးမီးဖိုပေါ်မှာ ၃ မိနစ်လောက်တည်လိုက်ရင်အနံ့အရသာနဲ့ပြည့်စုံတဲ့မုန့်ဟင်းခါးဟင်းရည်တစ်ခွက်ရပါပြီ။ ဟင်းရည်တစ်ဘူးကိုမုန့်ဖတ် ၅၀ သား လောက်နဲ့ နဲ့စားလို့ရပါတယ်။
မုန့်ဟင်းခါးက ရိုးရိုးသရေစာမဟုတ်ပါဘူး။ ထမင်းမစားဘဲ သူ့ချည်းစားရင်တောင် တစ်နပ်စာအာဟာရအပြည့်အဝပေးနိုင်တဲ့ စားစရာတစ်မျိုးပါ။ ငါး၊ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူနီ၊ ငရုတ်ကောင်း စတဲ့ အမွှေးအကြိုင်တွေကို နိုင်နိုင်ထည့်ပြီးချက်ပြုတ်ရတဲ့အတွက် သူတို့ရဲ့အာဟာရအကျိုးကျေးဇူးတွေကိုပါ တပေါင်းတည်းရနိုင်ပါတယ်။ မုန့်ပွဲပြင်ဆင်တဲ့အခါလည်း ကြက်ဥ ဘဲဥ၊ နံနံပင်၊ ပဲသီး စတာတွေပါ ထည့်စားတတ်ကြတာ ဆိုတော့ ရရှိမယ့်အာဟာရက မနည်းမနောပါ။ ဒါ့ကြောင့်နေမကောင်းတဲ့သူတွေ နာလန်ထချိန်တောင်မှ ဆီမပါတဲ့ ငါးပြုတ်ငရုတ်ကောင်းမုန့်ဟင်းခါးလေးနဲ့ ခံတွင်းပြန်လိုက်ကြတာဖြစ်ပါတယ်။
View full details