Perth Burmese Communities Cultural Festival
Australia နိုင်ငံ Perth မြို့ တွင် ကျင်းပမည့် “Burmese Communities Cultural Festival” ကနေ ဖိတ်ခေါ်ပါတယ်။ အစီအစဉ်အနေနဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာအကများ၊အစားအစာများ၊ ရိုးရာပစ္စည်းများ၊ စွမ်းရည်ပြပွဲနှင့်အတူ Perthမြို့ရှိ့ဂီတအနုပညာရှင်များရဲ့ Live music band ဖြင့်ဖျော်ဖြေခြင်းများနှင့် အထူးဧည်သည့်အဖြစ် ရုပ်ရှင်သရုပ်ဆောင် အဆိုတော် အကယ်ဒမီ မင်းမော်ကွန်းရဲ့ သီဆိုဖျော်ဖြေခြင်း များပါဝင်မှာ ဖြစ်ပါတယ်။ Entry Ticket ကိုတော့ တစ်စောင်$၃၀ နဲ့ မိသားစု (2 Adults, 2 Children under 12) ကို$90 နဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ ရရှိလာတဲ့ရန်ပုံငွေများကို မြန်မာပြည်အတွက် လိုအပ်သော နေရာနှင့်အဖွဲ့များကို လှုဒါန်းသွားမှာဖြစ်ပါတယ်။ Source # WA Myanmar Democratic Network: https://www.facebook.com/WA-Myanmar-Democratic-Network-101614175320118/

WAMC Food Fete to support Myanmar
16 Oct 2022 (Sunday) 5pm to 7pm @ Willeton Sports & Community Centre (main hall) 58 Burren Bvd, Willeton WA 6155 အမျိုးတို့ရေ ဆုံကြမယ်နော်။ သီတင်းကျွတ်မုန့်ဖိုးပေးချင်လို့ ကူကြပါအုံး။ ✅ရရှိလာသော အလှူငွေများကို (1) IDPs (2) CDMers များနဲ့ (3) ပြည်သူ့ကို ကာကွယ်ဖို့လိုအပ်ချက်များ ဖြည့်ရန် ဆိုတဲ့ ခေါင်းစဉ် ၃- ခုအောက်မှ အလှူရှင်များ၏ ဆန္ဒအတိုင်း ၊ NUG ၏ ဝန်ကြီး ဌာန များ လမ်းညွှန်မှူအောက် တွင် လှူဒါန်းပေးမှာဖြစ်ပါကြောင်း ✅preorder များများမှာခြင်းဖြင့်မြန်မာပြည်သူတို့ကိုကူညီစောင့်ရှောက်ပါအုံးလို့🙏🙏🙏. အကြော်စားရင်း၊ မုန့်ဟင်းခါး၊ ရခိုင် မုန့်တီ အစပ်သုတ်လေး စားရင်း ဆွေမျိုးတွေ ဆုံကြ၊ စကားပြောကြမယ်နော်။ Preorder link 👇👇👇👇👇 https://neartail.com/au/wamc-2021/2022

Mingalathukha Vihara Kathina 2022
မင်္ဂလသုခဝိဟာရ စုပေါင်းဘုံကထိန် 16 Oct 2022 (Sunday) ၉ နာရီမှ၍ ကောင်တာတွင် သင်္ကန်းများဝယ်ယူလှူတန်းနိုင်ပါသည် @Mingalathukha Vihara 76 Templeton Cres, GIRRAWHEEN WA 6064
-
For Rent: 252A Drake St Morley $270/week
3 mins walk to Morley bus station Morley Galaria Shopping Centre Centre link Medical Centre (3 Burmese Doctors) Call 0435575745
-
Land for Sale, 36 Parkhurst Avenue, Hilbert from $205,000
36 Parkhurst Avenue, Hilbert WA 6112 Green Titled, land size 450 sqm (15 x 30) Price from $205,000 Enquires to 0417 9886 49
-
A Room for Rent @ East Vic Park $150 p/w
A room available for rent in East Victoria Park. It is furnished with a single bed, wardrobe, study desk & chair. A fridge and washing machine will be shared. $150 p/w *All utility bills and internet are inclusive* Located near lots of restaurants, public transport, TAFE & Curtin University. Close to Perth City, domestic & International airports 5 minutes walk to Carlise Train Station 11 minutes walk to Oats Street Train Station & Bus-stop Parking in street/garage available. Join ShweBiz.com (Perth) Burmese Buy/Sell/Trade group to contact the owner: https://www.facebook.com/groups/ShweBiz.com.Perth.Burmese.Buy.Sell.Trade/
-
For Rent: 1 Bedroom @ Nollamara near bus stop
1 bedroom available in Nollamara 3-bedroom house to share with Myanmar girl ( Student only). $150 a week. Near the bus stop and can go straight to City. Including bills No wifi. Will be only 2 people in the house. Please contact Caroline 0421794460/ carolinenaing@gmail com
-
For Rent: Aveley $120 p/w wifi
Room for rent in Aveley WA 6069. $120 Per week including wifi. Please check Shwebiz.com Facebook Group https://www.facebook.com/groups/ShweBiz.com.Perth.Burmese.Buy.Sell.Trade/permalink/414733315980415 to contact the owner.

Durian Fest Tour Perth
Durian Fest Tour Perth 11 June 2022 Saturday 11am – 4pm Russell Square (James St & Shenton St, Northbridge WA 6003)

Double Demerits
ယနေ့ 14 April 2022 ကြာသပတေး မှစပြီး ရှေ့လာမည့် တနင်္လာ 18 April 2022 အထိ ၅ ရက်တာ ပိတ်ရက်ရှည်ကာလအတွင်း Double Demerits အရေးယူမှုစတင်မည်ဖြစ်ပါ၍ ကားမောင်းလျှင် အထူးသတိဖြင့် မောင်းကြပါရန်။ ဥပမာ 40km area ဖြစ်နေမှန်းသတိမပြုမိပဲ 80km ကျော်မောင်းနေမိစဉ်တွင် အဖမ်းခံထိပါက သာမာန်အချိန်တွင် 7 demerit points ထိနိုင်ပြီး ယခုလိုအချိန်မျိုးတွင် ၎င်း၏ နှစ်ဆ 14 demerit points ထိမည်ဖြစ်သည်။ WA ၏ အများဆုံး demerit point မှာ 12 points ဖြစ်သောကြောင့် အခန့်မသင့်လျှင် ယာဉ်မောင်းလိုင်စင် ချက်ချင်းပြုတ်သွားနိုင်ပါသဖြင့် အထူးသတိထားမောင်းနှင်ကြပါရန် နှိုးဆော်လိုက်ရပါသည်။

4th Dose COVID-19 Vaccination Winter Program (WA)
ယနေ့မှစ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအကြိမ် (စွမ်းအားမြှင့်) ကို Western Australia တွင်နေထိုင်သူ COVID-19 ကူးစက်ခံရလျှင် အန္တရာယ်ပိုမိုမြင့်မား သူများဖြစ်သည့် High Risk Group တွင်ပါဝင်သူများ စတင်ထိုးနိုင်ပါပြီ။ High Risk Group တွင် အသက် ၆၅ နှစ်နှင့် အထက် အရွယ်များ၊ Age care (သို့) Disability Care တွင်နေထိုင်သူများ၊ အသက်ငါးဆယ်နှင့်အထက် ဒေသခံ Aboriginal and Torres Strait Islander များ၊ အသက် ၁၆ နှစ်နှင့်အထက် severe immunosuppression ရောဂါ ရှိသူများ ပါဝင်သည်။ တတိယအကြိမ် (3rd Dose) ထိုးပြီး ၄လ အကြာတွင် ယခု စတုတ္ထအကြိမ်ကာကွယ်ဆေးကို စတင်ထိုးနိုင်မည် ဖြစ်သည်။ မိမိတို့ အဆင်ပြေနီးစပ်ရာ အစိုးရ vaccination clinics များ၊ ရပ်ကွက်ဆေးခန်း ဆရာဝန် (GP) များ၊ ဆေးပစ္စည်းအရောင်းဆိုင် (pharmacies) များတွင် ယနေ့မှစ၍ ထိုးနိုင်သည် ဟု သိရပါသည်။ Ref# Mark McGowan’s FB

Australia Federal Budget 2022
ဘတ်ဂျက်ကြေညာတဲ့အခါမှာ အကျိုးအမြတ် ရရှိသူတွေရှိသလို နစ်နာဆုံးရှုံးရသူတွေလည်း ရှိပါတယ်။ ဒီည ဘတ်ဂျက် မကြေညာခင်မှာ သိရသလောက် တင်ပြပေးမှာ ဖြစ်ပါတယ်။ အခြေခံ အဆောက်အဦးအတွက် ဒေါ်လာ ၁၈ ဘီလီယံ သုံးမယ် အစိုးရကတော့ ဒီဘတ်ဂျက်ဟာ အခြေခံအဆောက်အဦးတွေဖြစ်တဲ့ လမ်း၊ တံတား၊ ကားပါကင်ဆောက်လုပ် တိုးချဲ့ရေးတွေကို အဓိကထား သုံးစွဲမယ့်အနေအထား ရှိပါတယ်။ အဲဒီအတွက် ဒေါ်လာ ၁၈ ဘီလီယံ သုံးစွဲမယ့် အနေအထားရှိနေပါတယ်။ ပထမဆုံး အိမ်၀ယ်သူတွေ သက်သာအောင် လုပ်ပေးမယ် ပထမဆုံး အိမ်၀ယ်ဖို့ ကြိုးစားနေတဲ့လူတွေ အိမ်စျေးကွက်ထဲ အမြန်၀င်နိုင်အောင် Home Gurantee Scheme ရဲ့ သက်တမ်းကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အဲဒီအစီအစဥ်အရ ပထမဆုံးအကြိမ် အိမ်၀ယ်မယ့်လူအနေနဲ့ deposit စရန်ငွေ ၅% ရှိရုံနဲ့ ၀ယ်နိုင်မှာ ဖြစ်ပြီး လူပေါင်း ၃၅၀၀၀ အတွက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အိမ်ထောင်ဖက်မရှိတဲ့ မိခင်၊ ဖခင်တွေအနေနဲ့ စရန်ငွေ ၂% နှုန်းနဲ့ အိမ်၀ယ်နိုင်မှာ ဖြစ်ပြီး လူ ၅၀၀၀ အတွက် အကျုံး၀င်ပါတယ်။ နယ်ဒေသမှာ အိမ်အသစ်၀ယ်မယ်ဆိုရင် (ပထမဆုံးအိမ် ၀ယ်သူ ဖြစ်ရန်မလို) ၅% ရှိရုံနဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အိမ်တန်ဖိုးကတော့ ဆစ်ဒနီမှာ ဒေါ်လာ ၈၀၀၀၀၀ တန်အောက် တန်ဖိုးရှိတဲ့ အိမ်ဖြစ်ရမှာ ဖြစ်ပြီး နယ်ဒေသမှာတော့ ဒေါ်လာ ၆၀၀၀၀၀ တန်အောက် ဖြစ်ရပါမယ်။ မဲလ်ဘုန်းမြို့မှာ ၀ယ်မယ်ဆိုရင် ဒေါ်လာ ၇၀၀၀၀၀ တန်အောက် ဖြစ်ရမှာ ဖြစ်ပြီး၊ ကွင်းစလန်းမှာ ၆၀၀၀၀၀ တန်အောက်နဲ့ တခြားပြည်နယ်နဲ့ ဒေသမှာ ၅၀၀၀၀၀ တန်အောက် ဖြစ်ရမှာ ဖြစ်ပါတယ်။ အခွန်ငွေ ဒေါ်လာ ၄၂၀ ပြန်ရမယ် အလုပ်လုပ်သူတွေ အခွန်ငွေ ပြန်ရအောင်လည်း လုပ်ဆောင်ပေးဖို့ ရှိနေပြီး တစ်နှစ်စာ လုပ်အားခက ဒေါ်လာ ၁၂၆၀၀၀ အောက် ရရှိသူတွေအနေနဲ့ ဒေါ်လာ ၄၂၀ ပြန်လည် ရရှိမှာဖြစ်လို့ အဲဒီလို ငွေကြေးကို ရရှိမယ့်သူ အလုပ်သမားပေါင်း ၁၀ သန်း ရှိပါတယ်။ ကားဆီစျေးသက်သာအောင် လုပ်မယ် ကားဆီဖိုး သက်သာအောင်လည်း လုပ်ဆောင်ပေးမယ်လို့ သတင်းတွေထွက်နေပြီး ဆီတစ်လီတာမှာ ၄၀ cents ပြား ၄၀ သက်သာအောင် ၆ လတာ အတွင်း လုပ်ပေးမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီလို လုပ်ဆောင်ချက်ကြောင့် ဆီတစ်ခါဖြည့်ရင် ၅ ဒေါ်လာ သက်သာမယ့် အနေအထားဖြစ်ပေမယ့် အစိုးရအတွက် ၆ လအတွင်း ဒေါ်လာ ၂ ဘီလီယံ ကုန်ကျမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆီတစ်လီတာအတွက် ၁၀ ပြား လျှော့ပေါ့ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ၀င်ငွေနည်းသူတွေ ဒေါ်လာ ၂၅၀ ရမယ် ၀င်ငွေနည်းသူ သို့ ပင်စင်စားသူ နဲ့ အစိုးရထောက်ပံ့ကြေးရရှိသူတွေကိုလည်း ဒေါ်လာ ၂၅၀ တစ်ကြိမ် ပေးသွားဖို့ ရှိပါတယ်။ ဒီတစ်နှစ်စာ နိုင်ငံတော် ဘတ်ဂျက် လိုငွေက ၆၉ ဘီလီယံလောက် ရှိပေမယ့် […]

*WA COVID Update* 23 Feb 22
*WA COVID Update* ယနေ့မနက် နောက်ဆုံး Update အရ တရက်တာ ကူးစက်မှု 645 Cases ရှိနေ။ လက်ရှိဒေတာများကိုအခြေခံ၍ တွက်ချက်ထုတ်ယူထားသည့် Omicron modelling အရ WA တွင် လာမည့်ခြောက်လအတွင်း လူပေါင်း ၄သိန်းခြောက်သောင်းကျော် ကူးစက်မည်ဖြစ်။ လူပေါင်း ၅၆၈၅ ဆေးရုံတက်ရဖွယ်ရှိပြီး၊ ၇၁၅ ICU ရောက်နိုင်ကာ ၁၂၉ ယောက်သေဆုံးနိုင်ခြေရှိသည်ဟု WA အစိုးရမှ Five-page WA Health Summary မှ အချက်အလက်များ အပေါ်အခြေခံ၍ ထုတ်ပြန်ထားသည်။ Source: 7News https://7news.com.au/news/coronavirus/covid-19-infections-double-as-wa-surges-towards-peak-of-10000-cases-a-day-c-5806196