ကရင်နီစစ်ဘေးရှောင်သွေးချင်းများအတွက် 🧡 ShweBiz နှင့် Customer များ၏ စုပေါင်းအလှူ 🙏

ကရင်နီစစ်ဘေးရှောင်သွေးချင်းများအတွက် 🧡 ShweBiz နှင့် Customer များ၏ စုပေါင်းအလှူ 🙏

30 May 2022 ShweBiz ကနေပြီးတော့ shop.shwebiz.com ကို စလုပ်တော့မယ်လို့ စဉ်းစားကတည်းက စျေးရောင်းပြီး အမြတ်အစွန်းရရှိလာလျှင် အမြတ်ထဲမှရာခိုင်နှုံးတခုကို မြန်မာပြည်အနှံ့မှ စစ်ဘေးရှောင်များအတွက် ပုံမှန်ထောက်ပံ့လှူဒါန်းသွားမယ်လို့ ရည်ရွယ်ပြီး စခဲ့ခြင်းဖြစ်ပါတယ်။

လုပ်ငန်းက အခုမှစတဲ့ကာလဖြစ်နေတဲ့အတွက် အမြတ်အစွန်းတော့လုံး၀မပေါ်သေးပေမယ့် တနေ့က အညာဒေသမှာ စစ်ဘေးရှောင်ပြည်သူတွေ လှည်းကလေးတွေနဲ့ အထုပ်တွေထမ်း နွားတွေဆွဲပြီး ဖုန်တွေထဲ ပြေးလွှားနေရတာကိုမြင်ရတော့ စစ်ဘေးရှောင်ရတဲ့ဒုက္ခကို စိတ်ထဲမကောင်းလွန်းလို့ အမြတ်ရတဲ့အထိမစောင့်နိုင်တော့ပဲ အရင်းထဲကနေကြိုပြီးလှူလိုက်ပါပြီ။

ဒီလအတွက် အလှူငွေကို Kayah / Karenni Community of WA INC မှတဆင့် အကူညီလိုနေတဲ့ ကရင်နီစစ်ဘေးရှောင်သွေးချင်းများအတွက် AUD 300 ကို ထောက်ပံ့လှူဒါန်းလိုက်ပါတယ်။ ဒီအလှူငွေဟာ ShweBiz တဦးတည်းလှူတာမဟုတ်ပဲ shop.shwebiz.com ကနေ ဝယ်ယူအားပေးတဲ့ customer တယောက်စီတိုင်းနဲ့ အတူတူလုပ်တဲ့ စုပေါင်းအလှူလေး ဖြစ်ပါတယ်။ ဒါကြောင့် shop.shwebiz.com ကိုအားပေးကြတဲ့ customer တယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ 🙏🙏🙏

#shwebiz #Karenni #kncwa #KarenniCommunityOfWesternAustralia #savekarenni

Back to blog