Durian Fest Tour Perth 11 June 2022 Saturday 11am – 4pm Russell Square (James St & Shenton St, Northbridge WA 6003)
ပြီးခဲ့တဲ့ စနေနေ့ မနက်စောစော Champion သီးစုံထောပတ်ထမင်းကနေ ShweBiz ကိုလက်ဆောင်ပေးချင်လို့ပါဆိုပြီး ဖုန်းဝင်လာပါတယ်။ ထမင်းစားချိန်မတိုင်ခင်လေးအရောက်လာပို့ပေးတယ်။ ရောက်လာတော့ ပူပူနွေးနွေးလေး။ ဗူးတွေဖွင့်လိုက်တာနဲ့ တအိမ်လုံးကို မွှေးကြိုင်သွားတာပဲ။ ထောပတ်အနံ့သင်းသင်းလေးနဲ့ ထောပတ်ထမင်းက သီဟိုဠ်စေ့တွေ၊ စပျစ်သီးခြောက်တွေ နိုင်းခြင်းနဲ့မို့ လုံး၀ရှယ်ပါပဲ။ ကြက်သားဟင်းကလည်း အသားတုံးကြီးတွေမနဲမနော၊ အနှစ်တွေလည်းအများကြီး။ ငါးချဉ်ပေါင် ဟင်းရည်နဲ့ ဘာလချောင်ကြော်ကလေးလဲ ထောပတ်ထမင်းနဲ့ လိုက်မှလိုက်။ စျေးနှုန်းက ထောပတ်ထမင်း+ကြက်သားဟင်း+ဘာလချောင်ကြော်+ငါးချဉ်ပေါင်ဟင်းချို အားလုံးပေါင်းမှ $၁၂ ပါတဲ့။ အပတ်စဉ် စနေနေ့တိုင်းရောင်းချပေးနေပြီး မှာယူလိုသူများအနေနဲ့ ကြာသပတေးနေ့ကို နောက်ဆုံးထားပြီး Order တင်ပေးရပါမယ်တဲ့။ ၅ပွဲနှင့်အထက် မှာယူသော Customers များအတွက် ထောပတ် ထမင်းအလွတ်တဘူး လက်ဆောင်ထည့်ပေး သွားမှာဖြစ်ပါတယ်တဲ့။ Pick up ကတော့ Girrawheen မှာပါတဲ့။ မွေးနေ့ပွဲ၊ အလှူ […]