Durian Fest Tour Perth 11 June 2022 Saturday 11am – 4pm Russell Square (James St & Shenton St, Northbridge WA 6003)
ယနေ့ 14 April 2022 ကြာသပတေး မှစပြီး ရှေ့လာမည့် တနင်္လာ 18 April 2022 အထိ ၅ ရက်တာ ပိတ်ရက်ရှည်ကာလအတွင်း Double Demerits အရေးယူမှုစတင်မည်ဖြစ်ပါ၍ ကားမောင်းလျှင် အထူးသတိဖြင့် မောင်းကြပါရန်။ ဥပမာ 40km area ဖြစ်နေမှန်းသတိမပြုမိပဲ 80km ကျော်မောင်းနေမိစဉ်တွင် အဖမ်းခံထိပါက သာမာန်အချိန်တွင် 7 demerit points ထိနိုင်ပြီး ယခုလိုအချိန်မျိုးတွင် ၎င်း၏ နှစ်ဆ 14 demerit points ထိမည်ဖြစ်သည်။ WA ၏ အများဆုံး demerit point မှာ 12 points ဖြစ်သောကြောင့် အခန့်မသင့်လျှင် ယာဉ်မောင်းလိုင်စင် ချက်ချင်းပြုတ်သွားနိုင်ပါသဖြင့် အထူးသတိထားမောင်းနှင်ကြပါရန် နှိုးဆော်လိုက်ရပါသည်။
ယနေ့မှစ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအကြိမ် (စွမ်းအားမြှင့်) ကို Western Australia တွင်နေထိုင်သူ COVID-19 ကူးစက်ခံရလျှင် အန္တရာယ်ပိုမိုမြင့်မား သူများဖြစ်သည့် High Risk Group တွင်ပါဝင်သူများ စတင်ထိုးနိုင်ပါပြီ။ High Risk Group တွင် အသက် ၆၅ နှစ်နှင့် အထက် အရွယ်များ၊ Age care (သို့) Disability Care တွင်နေထိုင်သူများ၊ အသက်ငါးဆယ်နှင့်အထက် ဒေသခံ Aboriginal and Torres Strait Islander များ၊ အသက် ၁၆ နှစ်နှင့်အထက် severe immunosuppression ရောဂါ ရှိသူများ ပါဝင်သည်။ တတိယအကြိမ် (3rd Dose) ထိုးပြီး ၄လ အကြာတွင် […]
ဘတ်ဂျက်ကြေညာတဲ့အခါမှာ အကျိုးအမြတ် ရရှိသူတွေရှိသလို နစ်နာဆုံးရှုံးရသူတွေလည်း ရှိပါတယ်။ ဒီည ဘတ်ဂျက် မကြေညာခင်မှာ သိရသလောက် တင်ပြပေးမှာ ဖြစ်ပါတယ်။ အခြေခံ အဆောက်အဦးအတွက် ဒေါ်လာ ၁၈ ဘီလီယံ သုံးမယ် အစိုးရကတော့ ဒီဘတ်ဂျက်ဟာ အခြေခံအဆောက်အဦးတွေဖြစ်တဲ့ လမ်း၊ တံတား၊ ကားပါကင်ဆောက်လုပ် တိုးချဲ့ရေးတွေကို အဓိကထား သုံးစွဲမယ့်အနေအထား ရှိပါတယ်။ အဲဒီအတွက် ဒေါ်လာ ၁၈ ဘီလီယံ သုံးစွဲမယ့် အနေအထားရှိနေပါတယ်။ ပထမဆုံး အိမ်၀ယ်သူတွေ သက်သာအောင် လုပ်ပေးမယ် ပထမဆုံး အိမ်၀ယ်ဖို့ ကြိုးစားနေတဲ့လူတွေ အိမ်စျေးကွက်ထဲ အမြန်၀င်နိုင်အောင် Home Gurantee Scheme ရဲ့ သက်တမ်းကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အဲဒီအစီအစဥ်အရ ပထမဆုံးအကြိမ် အိမ်၀ယ်မယ့်လူအနေနဲ့ deposit စရန်ငွေ ၅% […]
*WA COVID Update* ယနေ့မနက် နောက်ဆုံး Update အရ တရက်တာ ကူးစက်မှု 645 Cases ရှိနေ။ လက်ရှိဒေတာများကိုအခြေခံ၍ တွက်ချက်ထုတ်ယူထားသည့် Omicron modelling အရ WA တွင် လာမည့်ခြောက်လအတွင်း လူပေါင်း ၄သိန်းခြောက်သောင်းကျော် ကူးစက်မည်ဖြစ်။ လူပေါင်း ၅၆၈၅ ဆေးရုံတက်ရဖွယ်ရှိပြီး၊ ၇၁၅ ICU ရောက်နိုင်ကာ ၁၂၉ ယောက်သေဆုံးနိုင်ခြေရှိသည်ဟု WA အစိုးရမှ Five-page WA Health Summary မှ အချက်အလက်များ အပေါ်အခြေခံ၍ ထုတ်ပြန်ထားသည်။ Source: 7News https://7news.com.au/news/coronavirus/covid-19-infections-double-as-wa-surges-towards-peak-of-10000-cases-a-day-c-5806196
RAT (Rapid Antigen Test) ကို မှန်ကန်စွာ အသုံးပြုနည်း အဆင့်ဆင့် နှင့် သင် P ဖြစ်နေလျှင် WA Department of Health သို့ Register လုပ်ရန် Link။ Rapid Antigen Test ဒါမှမဟုတ် RAT တွေကို ကိုဗစ်-၁၉ ကူးစက်ခံရခြင်း ရှိမရှိဆိုတာ မိမိဖာသာ အိမ်မှာ စစ်ဆေးလို့ရတဲ့ စမ်းသပ်ရေးကိရိယာအဖြစ် လူသိများလာကြပါတယ်။ ပြည်နယ်အစိုးရတချို့ကလည်း ကိုဗစ်-၁၉ လက္ခဏာ ပြသူတွေ ဒါမှမဟုတ် ရောဂါရှိသူနဲ့ ထိတွေ့မှု ရှိသူတွေ အိမ်မှာပဲ မိမိဖာသာ RAT စမ်းသပ်မှုတွေ လုပ်ဖို့ တိုက်တွန်းထားပါတယ်။ ရောဂါရှိကြောင်း ပြသရင်လည်း ပိုသေခြာအောင် PCR စစ်ဆေးရေးစင်တာ သွားစရာမလိုပဲ မိမိကူးစက်ကြောင်းကို […]
မြန်မာနိုင်ငံရှိ A-6 သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ကွက်နှင့် AD-7 offshore exploration block များ တွင် ရင်းနှီးမြှုပ် နှံထားသော ဩစတြေးလျ Woodside Petroleum ကုမ္ပဏီက မြန်မာနိုင်ငံမှ လုပ်ငန်းများ အားလုံးရပ်ဆိုင်း ထွက်ခွာမည်ဖြစ်ကြောင်း တရားဝင် ထုတ် ပြန်ကြေညာသည်။ Woodside Petroleum Ltd က အာဏာသိမ်းမှုအပြီး တစ်နှစ်နီးပါးအကြာ ဆိုးရွားလာနေသော လူ့အခွင့် အရေးအခြေအနေများကြောင့် လုပ်ငန်းများမှ ရုပ်သိမ်းပြီး မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာသည်။ သြစတြေးလျ သဘာဝဓာတ်ငွေ့ကုမ္ပဏီ Woodside သည် A-6 ရေနံလုပ်ကွက်တွင် စစ်ကောင်စီ၏ MOGE ၊ China National Petroleum Corp နှင့် Total ကုမ္ပဏီများနှင့်အတူ ရင်းနှီးမြှုပ်နှံလျက်ရှိရာမှ […]
ယနေ့မနက်လင်းအားကြီးအချိန် ၅နာရီ ၂၄မိနစ် က Perth မြို့မှ ကီလို ၂၀၀ လောက်အကွာရှိ Wagin ကို ဗဟိုပြု၍ ပြင်းအား 4.8 Magnitude ရှိသည့် ငလျင်တစ်ခု လှုပ်သွားပါသည်။ ဆိုရှယ်မီဒီယာ post များအရ Perth မြို့မှ တချို့လူများ Earthquake Tremor ခေါ် ငလျင်ကြောင့်တုန်ခါမှုကို သိသိသာသာခံစားလိုက်ကြရသည်ဟု ဆိုသည်။ Australia Live Earthquake Tracking https://earthquakes.ga.gov.au/
ဘယ်ကနေဘယ်လိုကူးစက်သွားမှန်းမသိ၊ မည်သည့် Close Contact မှလဲမရှိပဲ COVID ကူးစက်ခံရသူ အမျိုးသမီးတစ်ယောက် WA Local ကူးစက်မှုစာရင်းတွင်ပေါ်လာပြီဖြစ်ကြောင်း WA ဝန်ကြီးချုပ် Mark McGowan က ၏ ယနေ့Facebook post အရသိရသည်။ WA ကျန်းမာရေးဝန်ကြီး Amber-Jade Sanderson က “I think there is strong possibility there has been community spread of Omicron given some of the exposure sites that have been visited” ဟု ယမန်နေ့ကပြောကြားထားသေးသည်။ Source: Mark McGowan Facebook, ABC […]